Latest News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းနှင့် ဆင်ကျွန်းကျေးရွာတွင် (၂၉.၄.၂၀၂၀)ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၃)လုံး၊ စုစုပေါင်းအိမ်ခြေ (၄)လုံး၊ ၎င်းအိမ်ထောင်စု (၄)စုရှိ မိသားစုဝင်(၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၇၅၀၀၀)ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးကျပ် (၃၃၆၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၃၀၈၆၀၀)တို့ကို (၃၀.၄.၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ၊ နောင်ဟီးစခန်း၊ ခတ်ချိုအလယ်ပိုင်း(ကွက်သစ်)၊ မဒိန် KBC IDPs စခန်းများသို့ လက်ဆေးဘေစင်(၄)ခု၊ Non-Contact Infrared Thermometer(၃)ခု တို့အားသွားရောက်ပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီမှူးရုံး (ဘစမ) #ar #kcn_may2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ဝက်လက်မြို့နယ်၊ ဆားတောင် နီကျေးရွာမှ (၃၀.၄.၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ိ/-)နှင့် လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၅၀၀ိ/-)တို့အား (၁.၅.၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူထံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ အသိပညာပေး နှိုးဆော်ခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ (၁-၅-၂၀၂၀)ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာအုပ်စုအတွင်း မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ သာစည်ရပ်ကွက်၊ ကံသာယာရပ်ကွက်များနှင့် ဦးကင်းကြည်ကျေးရွာ၊ ပုဏ္ဏားငယ်ကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် သိရှိပြီးလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများနှင့် လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ စမ်းရွာကျေးရွာအုပ်စုနှင့် လုံဘူတာကျေးရွာအုပ်စုတို့၌ (၂၇-၄-၂၀၂၀) ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၈)ဦးတို့ ဘေးသင့်ခဲ့သဖြင့် အဆိုပါနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂,၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၃၇,၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၄)အိမ်ထောင်စုစာတို့အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာ၌ (၂၇-၄-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ သာသနိကအဆောက်အအုံ(၁)လုံး၊ လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦးတို့ဘေးသင့်ခဲ့ပါသဖြင့် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂,၂၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ အသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁-၅-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်မှ(၁၆:၃၀) နာရီအချိန်ထိမွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ကော့လှိုင်းကျေးရွာနှင့် ဝင်းဖုန်းကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









