လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ စမ်းရွာကျေးရွာအုပ်စုနှင့် လုံဘူတာကျေးရွာအုပ်စုတို့၌ (၂၇-၄-၂၀၂၀) ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၈)ဦးတို့ ဘေးသင့်ခဲ့သဖြင့် အဆိုပါနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂,၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၃၇,၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၄)အိမ်ထောင်စုစာတို့အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာ၌ (၂၇-၄-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ သာသနိကအဆောက်အအုံ(၁)လုံး၊ လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦးတို့ဘေးသင့်ခဲ့ပါသဖြင့် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂,၂၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၆,၈၀ဝိ/-) တို့အား ဘေးသင့်ပြည်သူများထံသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁-၅-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)