လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းနှင့် ဆင်ကျွန်းကျေးရွာတွင်  (၂၉.၄.၂၀၂၀)ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၃)လုံး၊ စုစုပေါင်းအိမ်ခြေ (၄)လုံး၊ ၎င်းအိမ်ထောင်စု (၄)စုရှိ မိသားစုဝင်(၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၇၅၀၀၀)ကိုလည်းကောင်း၊ ဆန်ရိက္ခာဖိုးကျပ် (၃၃၆၀၀)ကိုလည်းကောင်း၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၃၀၈၆၀၀)တို့ကို (၃၀.၄.၂၀၂၀) ရက်နေ့  (၁၂:၀၀) နာရီချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ayy_may2020

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events