Latest News
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ မာဃသဟာယလူမှုအထောက်အကူပြုအဖွဲ့တို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ရွာသာကျေးရွာ၊ ၀က်ချီပါကျေးရွာ၊ တောဖို့ကျေးရွာနှင့် လီလင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးပန်ကြားချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက် လျက်ရှိ
မေလ ( ၃)ရက် ၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၂-၅-၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၌ နေအိမ်(၁၃)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၃၃၁)လုံးနှင့် ဘာသာရေးအဆောက်အဦ(၇)လုံး အမိုးအကာလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပါသည်။ အဆိုပါလေဘေးဖြစ်ပွားသည့် နေရာများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ဒေါက်တာအောင်သန်းမောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်နေ့တွင် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကာလ Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေးကိစ္စများညှိနှိုင်းဆွေးနွေး
မေ၊ (၃) ၊နေပြည်တော် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း Quarantine လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းပေးရေး ကိစ္စများ ညှိနှိုင်းဆွေးနွေးခြင်းကိုအမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးမှုကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင် အဖွဲ့ဝင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဌ ပါမောက္ခဒေါက်တာ ထင်အောင်စောနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များနှင့် အတွင်းရေးမှူးရုံးအဖွဲ့ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက COVID -19 … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့ယာဉ်အဝင်အထွက်ဂိတ်များနှင့် စည်ပင်သာယာဈေးကြီးတို့တွင် မုန်တိုင်းဘေးလက်ကမ်းစာစောင်နှင့် မိုးကြိုးဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_may2020
-
အပူချိန်တိုင်းကိရိယာနှင့် ဗီနိုင်းပိုစတာပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့၊ ထွယ်ဆန်ကျောင်း IDP စခန်း၊ အိမ်ထောင်စု(၃၇) စု၊ လူဉီးရေ (၂၁၆) ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ (၁) ခု၊ ဗီနိုင်းပိုစတာ (၁) ခုနှင့် ဗန်းမော်မြို့၊ ဖန်းခါးကုန်း IDP စခန်း၊ အိမ်ထောင်စု (၉၇) စု၊ လူဉီးရေ (၅၀၂) ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ (၁) ခု၊ ဗီနိုင်းပိုစတာ (၁) ခု … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ – ၅ – ၂၀၂၀) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အ၀င်/အထွက် ယာဉ်လိုင်း များတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့ နောင်ကုန်ကျေးရွာအုပ်စု၊ ၀မ်ကန်ကျေးရွာနှင့် ၀မ်လွင်အုပ်စု၊ ပြည်ငြိမ်း အေးစစ်မှု ထမ်းဟောင်း (အိမ်ယာ) တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် … Read more









