Latest News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရေဂလုတ်ကျေးရွာအုပ်စု၊ ပေါက်ငူကျေးရွာ တွင် (၃-၅-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၃)လုံး၊ စုစုပေါင်း နေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဥရေ (၁၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂)ပုံး (၆၄၇၀၆/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၁၀၀ဝ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၇၁၀၀ဝ/-)ကျပ်အား … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့အတွင်းရှိ မြို့မဈေးကြီး၊ ရန်ကင်းရပ်ကွက်နှင့် ပြိန်းနင်ရပ်ကွက်များ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ဗမာ၊ ရှမ်းဘာသာစကား (၂) မျိုးဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပေါက်တောစုကျေးရွာအုပ်စု၊ သီတာကုန်းကျေးရွာအုပ်စု၊ ရေကြည်ကျေးရွာအုပ်စုကျေးရွာ(၁၃)ရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ လေဘေးသင့်ပြိုလဲနေအိမ်(၅၇)လုံးနှင့် အမိုးလန်နေအိမ်(၉၅)လုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းတို့အတွက်ကျောင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၂၆၀၀၀ဝိ/-)၊ ပြိုလဲနေအိမ်(၅၇)လုံးရှိ လူဦးရေ(၂၄၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုးထောက်ပံ့ငွေ(၅၂၂၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၇၈၂၉၀ဝိ/-)နှင့် ပြိုလဲနေအိမ်(၅၇)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း( ၁၆)မျိုးပါ (၅၇)အိမ်ထောင်စုစာတို့အား (၅-၅-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများ၊ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ပါရမီရပ်ကွက်၊ ပါရမီဈေးနှင့် မြို့သစ်ဈေး၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်ခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်/ကျေးအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် မံစီမြို့နယ်၊ စီကော်ကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၆)ဦးတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ(၂၀၀၀၀၀ိ/-) ၊ လူဦးရေ(၁၆)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ (၃၃၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံငွေ(၂၃၃၆၀၀ိ/-)တို့ကို (၅-၅-၂၀၂၀)ရက်နေ့ နေ့လည်(၁၉း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_may2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ မတ်ဝမ်ကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော်ခြင်း လက်ကမ်းစာစောင်များအား ဝဘာသာ၊ ဗမာဘာသာတို့ဖြင့် ဖြန့်ဝေခြင်းနှင့် လေပြင်းဘေး၊ မုန်တိုင်းဘေးနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









