လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရေဂလုတ်ကျေးရွာအုပ်စု၊ ပေါက်ငူကျေးရွာ တွင် (၃-၅-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၃)လုံး၊ စုစုပေါင်း နေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဥရေ (၁၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂)ပုံး (၆၄၇၀၆/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၁၀၀ဝ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၇၁၀၀ဝ/-)ကျပ်အား (၄-၅-၂၀၂၀)ရက်နေ့ (၁၆:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေဘေးသင့် ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)