လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့၌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပေါက်တောစုကျေးရွာအုပ်စု၊ သီတာကုန်းကျေးရွာအုပ်စု၊ ရေကြည်ကျေးရွာအုပ်စုကျေးရွာ(၁၃)ရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ လေဘေးသင့်ပြိုလဲနေအိမ်(၅၇)လုံးနှင့် အမိုးလန်နေအိမ်(၉၅)လုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းတို့အတွက်ကျောင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၂၆၀၀၀ဝိ/-)၊ ပြိုလဲနေအိမ်(၅၇)လုံးရှိ လူဦးရေ(၂၄၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုးထောက်ပံ့ငွေ(၅၂၂၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၇၈၂၉၀ဝိ/-)နှင့် ပြိုလဲနေအိမ်(၅၇)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း( ၁၆)မျိုးပါ (၅၇)အိမ်ထောင်စုစာတို့အား (၅-၅-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများ၊ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)