Latest News
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀) ရက်နေ့ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက် အတွင်းရှိ ပြည်သူများအား covid19 ရောဂါနှင့် ပက်သက်၍ အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြုခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဆပ်ပြာခဲ့နှင့် mask များ ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ဆမီးတိုက်ပွဲရှောင်စခန်းများတွင် Covid-19 ကြိုတင်ကာကွယ်တားဆီးရေးအတွက်လို အပ်သော ဆပ်ပြာတောင့်များအား (၁၅.၄.၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ Mask များအား (၄.၅.၂၀၂၀)ရက်နေ့တွင်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_may2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုနှင့် ကျေးရွာ (၂၀)ရွာတွင် (၆.၅.၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျအိမ်ခြေ (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၅၀၀,၀၀ဝ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁၀၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၄၀၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း(၂)ကျောင်းအတွက် ထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၄၂၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၉၀၀၉၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၆၄၀၉၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁၅) … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆော်ဩခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၇-၅-၂၀၂၀)နေ့တွင် တောင်ပတ်ကျေးရွာ၊ ရှားတောကျေးရွာ၊ ယုံတောင်ကျေးရွာ၊ ကြာအင်းကုန်းကျေးရွာနှင့် ရွာဘကျေးရွာရှိ ပြည်သူများအား Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး ကြေငြာခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ————————————————————————
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ဆင်မကျကျေးရွာအုပ်စု၊ ဆင်မကျကျေးရွာတွင် (၆.၅.၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ စုစုပေါင်း (၅)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၀၅၀ဝ/-)နှင့် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀ဝဝ/-)ကျပ်၊ ရန်ပုံငွေ စုစုပေါင်း (၁၁၀,၅၀ဝ/- )ကျပ်အား (၈.၅.၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် … Read more
-
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDP စခန်းများနှင့်ယာယီတိုက်ပွဲရှောင်စခန်းတို့တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ ၇ ရက်၊ နေပြည်တော် ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၇-၅-၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မြို့မနှစ်ခြင်း၊ လော်ဝေါ် နှစ်ခြင်း၊ မူရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ လီဆူနှစ်ခြင်း၊ မဒိန်၊ ခတ်ချို၊ နောင်ဟီး၊ မိုင်းနားကက်သလစ်၊ … Read more









