မေလ ၇ ရက်၊ နေပြည်တော်
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၂။ (၇-၅-၂၀၂၀)ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မြို့မနှစ်ခြင်း၊ လော်ဝေါ် နှစ်ခြင်း၊ မူရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ လီဆူနှစ်ခြင်း၊ မဒိန်၊ ခတ်ချို၊ နောင်ဟီး၊ မိုင်းနားကက်သလစ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံ IDP စခန်း စုစုပေါင်း(၁၀)ခုသို့ သွားရောက်၍ Mask(၈၅၅၄)ခု၊ လက်ဆေးစင်(၁၀)ခု၊ အပူချိန်တိုင်းကိရိယာ (၂)ခု၊ Handspaker(၁၀)ခု၊ COVID-19 အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick (၁၀)ခုနှင့် ဗွီနိုင်း(၂)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။
၃။ (၇-၅-၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဃောသိတာရုံကျောင်းတိုက်၊ ဗုဒ္ဓောမော်ကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတိုက်၊ မဟာဇေယျသိန္ဒိပဌာန်း ကျောင်းတိုက်၊ ဆည်ကြီးကျောင်းတိုက်၊ အလိုတော်ပြည့်ကျောင်းတိုက်၊ မဟာဝိဇယ ကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဒက္ခေါင်း ကျောင်းတိုက်၊ မဟာအောင်မြေဘုံကျောင်းတိုက်၊ တေဇာရာမကျောင်းတိုက်၊ သာသနာ့ဗိမ္မာန် ကျောင်းတိုက်၊ မဟာသိမဝံသကျောင်းတိုက်များရှိ ယာယီတိုက်ပွဲရှောင်စခန်း စုစုပေါင်း (၁၄)ခုသို့ သွားရောက်၍ Mask(၂၂၃၄)ခု၊ လက်ဆေးဆပ်ပြာ(၂၈၂)ဗူး၊ အပူချိန်တိုင်း ကိရိယာ(၁၄)ခု၊ Handspaker(၁၄)ခု၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်း ထားသော Memory Stick(၁၄)ခု တို့အားထောက်ပံ့ခဲ့ပါသည်။
၄။ (၇-၅-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ရှိ နမ့်ဖက်ကာနှစ်ခြင်း အသင်းတော်နှင့် နမ့်ဖက်ကာနယ်မြေ(၄) IDP စခန်း စုစုပေါင်း(၂)ခုသို့ သွားရောက်၍ စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်းဖြင့် စုစုပေါင်းထုံး(၂၀)အိတ် တို့အားထောက်ပံ့ခဲ့ပါသည်။
၅။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှု လုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်း များနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
#ar
#kcn_rke_shn_may2020
Source: MSWRR