လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စုနှင့် ကျေးရွာ (၂၀)ရွာတွင် (၆.၅.၂၀၂၀) ရက်နေ့ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျအိမ်ခြေ (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၅၀၀,၀၀ဝ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁၀၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၄၀၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း(၂)ကျောင်းအတွက် ထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၄၂၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၉၀၀၉၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၆၄၀၉၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁၅) အိမ်ထောင်စာနှင့် ဒဏ်ရာရလူနာ(၂)ဦးအတွက် ထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)တို့ကို ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက (၇.၅.၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီ တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_may2020

Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events