Latest News
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့ အမှတ်(၁၊၂) ရပ်ကွက်၊ အူးဟူးထ၊ လောခေါ်ကျေးရွာ၊ ဆုံဆည်းမြိုင်ကျေးရွာတို့တွင် Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ များပြည်သူများသိရှိလိုက်နာရန် အချက်များအား ကွင်းဆင်း၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသော ဥပဒေများကိုလိုက်နာရန် အသိပေး ကြေငြာချက်များအား အရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်း ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၈-၅-၂၀၂၀) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ကျောင်း၌ ဒုတိယအကြိမ်အဖြစ် အသွားအလာကန့်သက်မှု (Quarantine) စတင်နေထိုင်လျှက် ရှိသော ပြည်ပမှပြန်လာသူများကို (Covid-19) ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များ၊ အဆောင်အတွင်းလိုက်နာရမည့် စည်းကမ်းများသိရှိစေရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း ဝန်ထမ်းများက စကားပြောစက်မှတဆင့် တစ်နေ့(၂) ကြိမ် အသိ ပညာပေး ကြေငြာခြင်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: DMTC
-
ပြည်သူလူထုအား COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၅.၂၀၂၀) ရက်နေ့ တွင် (၀၈း၀၀)နာရီမှစတင်၍ (၁၂း၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာ၊ ချင်းယားကုန်းကျေးရွာ၊ ကျောက်တံခါးကျေးရွာ၊ ဂွေးပင်လယ်(တ) ကျေးရွာနှင့် ဂွေးပင်လယ်(မ)ကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်းကာ COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၈-၅-၂၀၂၀) ရက်နေ့၊ မိုးမိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ဟော်နန်းရပ်ကွက်၊ လက်ခုပ်တန်းရပ်ကွက်တို့တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၈-၅-၂၀၂၀)ရက်နေ့၊ နံနက်(၈း၀၀)နာရီချိန်မှ နေ့လည်(၁၂း၀၀)နာရီချိန်ထိ ကော့ကရိတ်မြို့၊ ကော့နွဲကျေးရွာအုပ်စုနှင့် တတန်ကူးကျေးရွာ အုပ်စုတို့၌ COVID-19ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများမရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူတို့အား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ကျွန်းတောကျေးရွာအုပ်စုရှိ ကျွန်းတောကျေးရွာနှင့် သပြေကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









