COVID-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၈-၅-၂၀၂၀)ရက်နေ့၊ နံနက်(၈း၀၀)နာရီချိန်မှ နေ့လည်(၁၂း၀၀)နာရီချိန်ထိ ကော့ကရိတ်မြို့၊ ကော့နွဲကျေးရွာအုပ်စုနှင့် တတန်ကူးကျေးရွာ အုပ်စုတို့၌ COVID-19ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများမရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူတို့အား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#krn_may2020

Source:           ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events