လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၅.၂၀၂၀) ရက်နေ့ တွင် (၀၈း၀၀)နာရီမှစတင်၍ (၁၂း၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာ၊ ချင်းယားကုန်းကျေးရွာ၊ ကျောက်တံခါးကျေးရွာ၊ ဂွေးပင်လယ်(တ) ကျေးရွာနှင့် ဂွေးပင်လယ်(မ)ကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်းကာ COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)