မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဝါးစေ့မြောင်ကျေးရွာများသို့သွားရောက်ပြီး COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source:   ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့တွင်၊ နံနက်(၀၈:၀၀)နာရီမှ(၁၄:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ ဂွေးချောင်း ကျေးရွာ၊ ချောင်တောင်ကျေးရွာ၊ မလေးဆိပ်ကျေးရွာ၊ ကံ့ကော်ကုန်းကျေးရွာ၊ စမ်းချောင်းကျေးရွာများသို့သွားရောက်၍ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား လှည့်လည်၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: လပွတ္တာခရိုင်ဉီးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၁၅:၃၀) အချိန်ထိ သထုံခရိုင်၊‌ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာနှင့် ဘောကထကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွ များနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_may2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဖားကန့်မြို့နယ်ရှိ IDPsစခန်းများတွင် အပူချိန်တိုင်းကိရိယာများ၊ Mask များ၊ လက်သန့်စင်ဆေးရည်နှင့် လက်ဆေးဘေးစင်များ ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရား ကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်းဘုရားကျောင်း နှင့် ဆိပ်မူရပ်ကွက်(၄)နှစ်ခြင်းဘုရားကျောင်း၊ IDPs စခန်း(၈)ခုမှ အိမ်ထောင်စု(၂၄၇)စု၊ လူဦးရေ(၁၂၁၈) ဦးအတွက် လက်ဆေးစင်(၉)စုံ၊ အဝတ်Mask(၂၄၃၆)ခု၊ အပူချိန်တိုင်းကိရိယာ(၈)ခု၊ လက်သန့်စင်ဆေးရည်(၄၉၄)ဗူး၊ Hand Speaker(၈)ခု၊ Memory Stick(၈)ခုနှင့် အသိပညာပေးဗွီနိုင်းပိုစတာ(၈)ချပ်တို့အား သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာ၌ (၉-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွါးခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၂၃)ဦး မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် စုစုပေါင်း(၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ လူဦးရေ(၂၃)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၄၈,၃၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၆၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုငွေ (၄၁၂,၅၅၉) ကျပ်တို့ကို (၁၀-၅-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #mdy_may2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာအုပ်စု၊ တည်ပင်ကန်ကျေးရွာတွင် (၉-၅-၂၀၂၀) ရက်နေ့တွင် မီးဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူ‌ဦးရေ(၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်း(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၁၀-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more