လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရား ကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်းဘုရားကျောင်း နှင့် ဆိပ်မူရပ်ကွက်(၄)နှစ်ခြင်းဘုရားကျောင်း၊ IDPs စခန်း(၈)ခုမှ အိမ်ထောင်စု(၂၄၇)စု၊ လူဦးရေ(၁၂၁၈) ဦးအတွက် လက်ဆေးစင်(၉)စုံ၊ အဝတ်Mask(၂၄၃၆)ခု၊ အပူချိန်တိုင်းကိရိယာ(၈)ခု၊ လက်သန့်စင်ဆေးရည်(၄၉၄)ဗူး၊ Hand Speaker(၈)ခု၊ Memory Stick(၈)ခုနှင့် အသိပညာပေးဗွီနိုင်းပိုစတာ(၈)ချပ်တို့အား သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)