လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာ၌ (၉-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွါးခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၂၃)ဦး မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် စုစုပေါင်း(၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ လူဦးရေ(၂၃)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၄၈,၃၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၆၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုငွေ (၄၁၂,၅၅၉) ကျပ်တို့ကို (၁၀-၅-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)