လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့တွင်၊ နံနက်(၀၈:၀၀)နာရီမှ(၁၄:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ ဂွေးချောင်း ကျေးရွာ၊ ချောင်တောင်ကျေးရွာ၊ မလေးဆိပ်ကျေးရွာ၊ ကံ့ကော်ကုန်းကျေးရွာ၊ စမ်းချောင်းကျေးရွာများသို့သွားရောက်၍ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား လှည့်လည်၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: လပွတ္တာခရိုင်ဉီးစီးမှူးရုံး (ဘစမ)