Latest News
-
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ ၁၁ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ တွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်း၊ နမ္မတီးမြို့နယ်ရှိ လန်ဘရော့ယန်၊ စိန့်ပေါလ်ကက်သလစ်၊ မြို့ဦးစိန့်ဒေါမနစ်၊ ကံလှဧမာနွေလ IDP စခန်းများနှင့် ဖားကန့် မြို့နယ်ရှိ မော်ဝမ်းမူရင်းနှစ်ခြင်း၊ မော်ဝမ်းမူရင်းအေဂျီ၊ လုံးခင်းလယ်ပြင် ကုဋေ၊ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ဒါနအောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့်အတူ (၁၁.၅.၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့ရှိ ကျေးရွာအုပ်စု (၆) စုမှ ရွာပေါင်း (၁၂) ရွာနှင့် ကျောက်ပန်းတောင်းမြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်နှင့် ဘဲများအုပ်စု၊ စီရင်စုကျေးရွာသို့ သွားရောက်၍ ရပ်ကွက်/ကျေးလက်နေ ပြည်သူများအား Covid -19 ရောဂါ အကြောင်း သိကောင်းစရာများကို လှဲ့လှည် အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွါးခဲ့သော လေဘေးကြောင့် ရမည်းသင်းမြို့နယ်၊ ကျေးရွာပေါင်း(၂၁)ရွာတွင် အမိုးလန် အိမ်ခြေ(၉၄)လုံး၊ ပြိုကျအိမ်ခြေ(၁၄)လုံး၊ အိမ်ထောင်စု (၁၀၈)စုမှ လူဦးရေ(၄၁၆)ဦး လေဘေးသင်ခဲ့ပြီး အဆိုပါအိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၇,၈၁၃,၅၀၀)၊ ဆန်ရိက္ခါဖိုးထောက်ပံ့ငွေကျပ် (၈၇၃,၆၀၀)နှင့် ပြိုကျအိမ်ထောင်စု(၁၄)စုအတွက် (၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်လျှင်(၁)ပုံး၊ စုစု ပေါင်းထောက်ပံ့ငွေကျပ်(၉,၁၇၃,၆၄၂)အား (၁၁-၅ -၂၀၂၀)ရက်နေ့ (၁၅း၄၅)အချိန်တွင်လည်းကောင်း၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ လေဘေးသင့် အမိုးလန်အိမ်ခြေ (၁၄၁)လုံး၊ ပြိုကျအိမ်ခြေ(၁၂)လုံး၊ ပြိုကျဘုန်းကြီးကျောင်း(၂) ကျောင်း၊ လူဦးရေ(၇၂၃)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေကျပ်(၁,၅၁၈,၃၀၀)၊ … Read more
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုန်းကျေးရွာအုပ်စု၊ ကွင်းမြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု (၂) စုစာတို့အား (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ခုတ်လောကျေးရွာ၊ နန်းနောက်ကျေးရွာ၊ ဝမ်ကုန်းကျေးရွာ၊ တနောင်ညွန့်ကျေးရွာနှင့် သာယုကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆော်ဩခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၁၁.၅.၂၀၂၀၀နေ့ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ၊ ရှမ်းတောင်ကျေးရွာ၊ တက်လက်ငယ်ကျေးရွာ၊ တောင်ပုလဲကျေးရွာတို့တွင် COVID19ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်ကျေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









