COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ခုတ်လောကျေးရွာ၊ နန်းနောက်ကျေးရွာ၊ ဝမ်ကုန်းကျေးရွာ၊ တနောင်ညွန့်ကျေးရွာနှင့် သာယုကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#kyh_may2020

Source:   ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events