လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွါးခဲ့သော လေဘေးကြောင့် ရမည်းသင်းမြို့နယ်၊ ကျေးရွာပေါင်း(၂၁)ရွာတွင် အမိုးလန် အိမ်ခြေ(၉၄)လုံး၊ ပြိုကျအိမ်ခြေ(၁၄)လုံး၊ အိမ်ထောင်စု (၁၀၈)စုမှ လူဦးရေ(၄၁၆)ဦး လေဘေးသင်ခဲ့ပြီး အဆိုပါအိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၇,၈၁၃,၅၀၀)၊ ဆန်ရိက္ခါဖိုးထောက်ပံ့ငွေကျပ် (၈၇၃,၆၀၀)နှင့် ပြိုကျအိမ်​ထောင်စု(၁၄)စုအတွက် (၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်လျှင်(၁)ပုံး၊ စုစု ပေါင်းထောက်ပံ့ငွေကျပ်(၉,၁၇၃,၆၄၂)အား (၁၁-၅ -၂၀၂၀)ရက်နေ့ (၁၅း၄၅)အချိန်တွင်လည်းကောင်း၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ လေဘေးသင့် အမိုးလန်အိမ်ခြေ (၁၄၁)လုံး၊ ပြိုကျအိမ်ခြေ(၁၂)လုံး၊ ပြိုကျဘုန်းကြီးကျောင်း(၂) ကျောင်း၊ လူဦးရေ(၇၂၃)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေကျပ်(၁,၅၁၈,၃၀၀)၊ အိမ်ဆောက်၊ကျောင်းဆောက်ပစ္စည်းဖိုးငွေကျပ် (၇,၈၂၇,၅၂၀)၊ ပြိုကျအိမ်ထောင်စု(၁၂)စုအတွက် (၃၆,၂၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)အိမ်လျှင်(၁)ပုံး၊ စုစု ပေါင်းထောက်ပံ့ငွေကျပ်(၉,၇၈၀,၈၅၆)အား (၁၈း၃၀) အချိန်တွင်လည်းကောင်း၊ မြစ်သားမြိုနယ်၊ ကျေးရွာ (၂) အတွင်းရှိ အမိုးလန်(၉)လုံး၊ ပြိုကျ(၁)လုံးနှင့် ဘုန်းကြီးကျောင်း(၁) ကျောင်း၊ လူဦးရေ(၃၅)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေကျပ်(၇၃,၅၀၀)၊ အိမ်ဆောက်ကျောင်းဆောက်ဖိုး(၅၈၅,၅၀၀)၊ ပြိုကျအိမ်ထောင်စု(၁)စုအတွက်(၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၆၉၃,၇၅၃)အား (၂၁၂၀)အချိန်တွင်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mdy_may2020

Source:           မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events