ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မေလ ၁၁ ရက်၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ တွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်း၊ နမ္မတီးမြို့နယ်ရှိ လန်ဘရော့ယန်၊ စိန့်ပေါလ်ကက်သလစ်၊ မြို့ဦးစိန့်ဒေါမနစ်၊ ကံလှဧမာနွေလ IDP စခန်းများနှင့် ဖားကန့် မြို့နယ်ရှိ မော်ဝမ်းမူရင်းနှစ်ခြင်း၊ မော်ဝမ်းမူရင်းအေဂျီ၊ လုံးခင်းလယ်ပြင် ကုဋေ၊ လုံးခင်း ငြိမ်းချမ်းသာယာ COC၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူး ၊ လုံးခင်းရပ်ကွက်(၅)ကတ်သလစ်၊ လုံးခင်းမှော်စီစာနှစ်ခြင်း၊ လုံးခင်းမှော်စီစာအေဂျီ IDPစခန်း စုစုပေါင်းIDP စခန်း(၁၂)ခုသို့ အဝတ် Mask(၆၄၉၈)ခု၊ လက်သန့်ဆေးရည်(၈၅၇)ဗူး၊ ထုံးအိတ်(၄၀) အိတ်၊ အပူချိန်တိုင်း ကိရိယာ (၁၆)ခု၊ Hand Speaker (၁၂)ခု၊ COVID-19 အသိပညာပေးအသံဖိုင်ထည့်သွင်း ထားသောMemory Stick (၁၂)ခု၊ ဆပ်ပြာ (၁၁၀၁)ခဲ၊ လက်ဆေးစင် (၁၇)ခုနှင့် ဗီနိုင်း (၁၂)ခု တို့အား ထောက်ပံ့ခဲ့ပါသည်။
အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အေးလင်းမြတ်ရှင် IDP စခန်းနှင့် မြတ်ပန်းဝတ်မှုံ IDP စခန်းသို့ သွားရောက်၍ အဝတ် Mask (၁၀၆၀၀)ခု၊ လက်သန့်ဆေးရည် (၁၇၅၀)ဗူး၊ ထုံးအိတ်(၃၀)အိတ်နှင့် Hand Speaker (၂)ခု၊ COVID-19 အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick(၂)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ ပန်ကူ IDP စခန်းသို့ သွားရောက်၍ ထုံး(၁၀)အိတ်၊ အပူချိန်တိုင်းကိရိယာ(၁)ခုနှင့် ဆပ်ပြာ(၁၂၇၂)ခဲတို့အား ထောက်ပံ့ပေးခဲ့ ပါသည်။
ထို့အတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သက်က္ကယ်ပြင်၊ မော်သီးညာ၊ အုန်းတောကြီး(မြောက်)၊ အုန်းတောကြီး(တောင်) IDP စခန်းများနှင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ တောင်ရပ်ကွက်၊ ရန်အောင်မြေကျောင်း၊ မြို့မရပ်ကွက်၊ လမ်းမကျောင်း၊ ဂန္ဓာရိပရဟိတကျောင်း၊ မြတောင်ဘု်န်းတော်ကြီးကျောင်း၊ သေကံခွဆုံ စခန်း(၂)ခုနှင့် ဘုရားပြင်အောင်ပ တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်၍ အဝတ် Mask (၆၃၇၁၄)ခု၊ လက်သန့်ဆေးရည်(၁၂၈၆)ဗူး၊ ထုံးအိတ်(၄၇) အိတ်၊ အပူချိန်တိုင်းကိရိယာ (၇)ခု၊ ဆပ်ပြာ (၁၁၄၉)တောင့်၊ လက်ဆေးစင် (၆)ခုနှင့် ဗီနိုင်း(၆)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar
#kcn_krn_shn_rke_may2020
Source: MSWRR

Sign Up

Upcoming Events