လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်မှစ၍ နေ့လည်(၁၂:၃၀)နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ကံချောင်ကျေးရွာ၊ ကံသာယာကျေးရွာ၊ ပျဉ်းမချောင်းကျေးရွာ၊ မဒေါ့ပင် ကျေးရွာ၊ တလုပ်စုကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ ကျုံသွပ်ကျေးရွာ၊ ပေါက်တိန်းကျေးရွာနှင့် သမင်ခြံကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)