လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မောက်မယ်မြို့နယ် ၊ ကဒူးကြီးကျေးရွာအုပ်စု၊ ဒုံမိုက်ဟဲကျေးရွာနှင့် ဗန်းမက်(ကျောင်းနား) ကျေးရွာရှိ ပျက်စီးနေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖို (၁၀၆၀၀၀ဝိ/-) ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် (၁၀၀၀၀ဝိ/-)၊ လူဦးရေ (၆၂)ဦးအတွက် ဆန်ရိက္ခါဖိုး (၇)ရက်စာ(၁၃၀၂၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၉၀၂၀၀ိ/-)ကိုလည်းကောင်း၊ (၁၁.၅.၂၀၂၀)ရက်​နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မောက်မယ်မြို့နယ် ၊ စဥ့်ဆိုင်ကျေးရွာအုပ်စု၊ နားတောင်ကျေးရွာ၊ နားသံမြောက်(နားသဲမြောက်)ကျေးရွာ ၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဆိုင်းငင်း(သဲငုံ)ကျေးရွာ ၊ခူးဝိန်းကျေးရွာ၊ လွိုင်ခွင်ပေါ်ကျေးရွာ၊ နောင်ပိုကျေးရွာတို့ရှိ ပျက်စီးဆုံးရှုံးနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၆၀၀၀၀ိ/-)၊ လူဦးရေ (၃၆)ဦးအတွက် ဆန်ရိက္ခါဖိုး (၇၅၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၅၆၀၀ိ/-)အားလည်းကောင်း၊  (၁၀.၅.၂၀၂၀)ရက်နေ့နှင့် (၁၁.၅.၂၀၂၀)ရက်နေ့အတွက် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၁၉၂၅၈၀၀ိ/-)အား (၁၂.၅.၂၀၂၀)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လင်းခေးမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#shn_may2020

Source:       လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events