COVID-19 ရောဂါ ကူးစက် ပြန့်နှံ့မှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ( ၁၄- ၅ -၂၀၂၀) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်‌အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူပေါင်း၍ မြို့အဝင်စုပေါင်းဂိတ်၌ မြို့တွင်းသို့အ၀င် /အထွက် မော်တော် ယာဉ်များတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအားကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူ ခြင်း၊ အသိပညာ‌ပေးခြင်းများ‌ဆောင်ရွက်ခဲ့ပြီး မိုင်းဖြတ်မြို့နယ်၊ ဟကြားဟုန်ကျေးရွာသို့ မြို့နယ်ထွေ အုပ်ရပ်ကျေးစာရေးနှင့်အတူသွားရောက်၍ လတ်တစ်လောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိ သော COVID – 19 ကူးစက် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် COVID-19 ရောဂါ ကူးစက် ပြန့်နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင် ရွက်ရမည့် အချက်များကို မြန်မာ၊ လားဟူ၊ အာခါ (၃) ဘာသာစကားတို့ဖြင့်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရှိရပါသည်။

#ar

#shn_may2020

 

 

Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events