Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် ကညွတ်ကွင်းကျေးရွာအုပ်စုရှိ ရှားတောကျေးရွာ၊ ကညွတ်ကွင်းကျေးရွာ၊ ဝါဘိုကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ လှံထိုးကုန်းကျေးရွာ၊ ဘဲပြာကျေးရွာ၊ဇီးဖြူကုန်းကျေးရွာများနှင့် ဘွက်အုပ်စုရှိ ဘွက်အနောက်ကျေးရွာ၊ နင်းကြမ်းကုန်းကျေးရွာ၊ စိန်ကျောင်းကုန်းကျေးရွာ၊ ဘွက်အလယ်ကျေးရွာ၊ ရွှေလောင်းကန်ကကျေးရွာများအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည။ #ar #ayy_may2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ ကျေးရွာအုပ်စု (၆) စုအတွင်းရှိ ကျေးရွာပေါင်း (၉) ရွာတို့၌ (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) အချိန်မှစ၍ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ်(၂)လုံး၊ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၈၅,၀၀၀) ကျပ်၊ လူဦးရေ (၆၈)ဦးတို့အတွက် ဆန်ရိက္ခါဖိုး (၇) ရက်စာအတွက် ထောက်ပံ့ငွေ (၁၄၂,၈၀၀) ကျပ်၊ သေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ သမီးလှကျွန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသောအိမ်ခြေ(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာအတွက် (၈၄၀၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၁)ပုံးတို့ကို (၁၃-၅-၂၀၂၀)ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #tny_may2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန် အထိ ကျောက်ကြီးကျေးရွာအုပ်စုရှိ ကျောက်ကြီးကျေးရွာ၊ ရွှေဘိုးကျွန်းကျေးရွာ၊ တောင်ဖြူ(ရှေ့) ကျေးရွာ၊ တောင်ဖြူ(နောက်) ကျေးရွာ၊ ရှားတောကျေးရွာ၊ အုန်းမှင်ကျေးရွာနှင့် ရေထွက်ကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် မလှိုင်မြို့နယ်အတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: မလှိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်အထိ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာ၊ အလယ်ရွာ၊ ကော့ကံကျေးရွာနှင့် ကျောက်စရစ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခြင်း၊ ဗီနိုင်းပိုစတာ ကပ်ခြင်းတို့ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









