လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် ကညွတ်ကွင်းကျေးရွာအုပ်စုရှိ ရှားတောကျေးရွာ၊ ကညွတ်ကွင်းကျေးရွာ၊ ဝါဘိုကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ လှံထိုးကုန်းကျေးရွာ၊ ဘဲပြာကျေးရွာ၊ဇီးဖြူကုန်းကျေးရွာများနှင့် ဘွက်အုပ်စုရှိ ဘွက်အနောက်ကျေးရွာ၊ နင်းကြမ်းကုန်းကျေးရွာ၊ စိန်ကျောင်းကုန်းကျေးရွာ၊ ဘွက်အလယ်ကျေးရွာ၊ ရွှေလောင်းကန်ကကျေးရွာများအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည။
#ar
#ayy_may2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)