လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ ကျေးရွာအုပ်စု (၆) စုအတွင်းရှိ ကျေးရွာပေါင်း (၉) ရွာတို့၌ (၁၁-၅-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) အချိန်မှစ၍ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ်(၂)လုံး၊ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၈၅,၀၀၀) ကျပ်၊ လူဦးရေ (၆၈)ဦးတို့အတွက် ဆန်ရိက္ခါဖိုး (၇) ရက်စာအတွက် ထောက်ပံ့ငွေ (၁၄၂,၈၀၀) ကျပ်၊ သေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၇၇,၈၀၀) ကျပ်နှင့် ပြိုကျပျက်စီးသွားသော အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးစီတို့ကို (၁၃-၅-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
#ha_sgw
#krn_may2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)