လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ သမီးလှကျွန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသောအိမ်ခြေ(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာအတွက် (၈၄၀၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၁)ပုံးတို့ကို (၁၃-၅-၂၀၂၀)ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#tny_may2020
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)