Latest News
-
သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀)ရက် နေ့(၆း၁၀)အချိန်မှ ( ၆း၃၀) အချိန်ထိ ကနီမြို့ ပြည်သူ့အားကစားကွင်း၌ ယာယီဖွင့်လှစ်ထားသော စည်ပင်သာယာဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများအား မီးဘေး၊ လေပြင်းဘေး၊ ငလျင်ဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
(၁၃-၅-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အော်ကြီးကျေးရွာနှင့် သရက်ပင်ကျေးရွာအတွင်းရှိ ပြည်သူများအား covid-19ရောဂါနှင့် ပက်သက် ၍ အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။ #ar #tny_may2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀)အချိန်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ အိုင်ရှည်ကျေးရွာနှင့် ကိုင်းတောကျေးရွာများရှိ ပြိုကျ/ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၁)စု ၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဆုံးရှုံးခဲ့သည့်အိမ်ထောင်စု (၇)စု၊ စုစုပါင်း အိမ်ခြ(၈)စု၊ အိမ်ထောင်စု(၈)စုတို့မှ လူဦးရေ(၂၈) ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် ပျက်စီးအိမ်ခြေ(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၃၀၀၀၀ိ/-)၊ လူဦးရေ(၂၈)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၈၈၀၀ိ/-)၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၇၈၈၈၀၀ိ/-)ကျပ်နှင့် ပြိုကျပျက်စီးအိမ်ထောင်စုအတွက် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၌ ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာအုပ်စု ၊ဝါးတောကျေးရွာအုပ်စု၊ နိဗ္ဗာန် ကျေးရွာအုပ်စု၊ သံတံခါးကျေးရွာအုပ်စု၊ ပိုင်ကျုံကျေးရွာအုပ်စု၊ ထဲနန်ကျေးရွာအုပ်စု၊ ဘန်ဒါ ကျေးရွာအုပ်စုနှင့် ဇွဲဘာကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှလေဘေးသင့်ပြိုလဲ နေအိမ်(၁၄၂)လုံးနှင့် အမိုးလန်နေအိမ် (၅၂၈) လုံးတို့အတွက် နေအိမ်နှင့် ကျောင်းဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၈,၀၇၀,၀၀ဝ/-)ကျပ်၊ ပြိုလဲနေအိမ်(၁၄၂) လုံး ရှိလူဦးရေ(၅၉၆) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး ထောက်ပံ့ငွေ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ ကန်ရေကျေးရွာအုပ်စု၊ ကန်ရေကျေးရွာ၌ (၁၁-၅-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၅) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀,၀၀၀/-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၂,၅၀၀/-)ကျပ်တို့ကို (၁၃-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid_19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၃-၅-၂၀၂၀) ရက်နေ့၊ မိုးမိတ်မြို့နယ် တောင်ကိုင်းကျေးရွာ၊ ဒိုးပင်ကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









