Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀)ရက်နေ့တွင် (၈:၃၀)အချိန်မှ (၁၁:၃၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ လယ်ရှည်ကျေးရွာ၊ လယ်ရှည်ရွာသစ်ကျေးရွာ၊ လယ်ရှည်(ရ)ကျေးရွာ၊ ချင်းတောင်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်၍ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ  အသိပညာပေးဟောပြောခြင်း၊  ကျေးရွာနေပြည်သူများသို့ပန်ကြားခြင်းနှင့် လေပြင်းဘေး၊ မီးဘေးလက်ကမ်းစာစောင်များကိုလည်း  ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_may2020

Source:   ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events