လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် မရဲ့ရွာသစ်ကျေးရွာအုပ်စု၊ မရဲ့ရွာသစ်ကျေးရွာတွင် (၀၉:၀၀)နာရီ၌လည်းကောင်း၊ သစ်ဖြူချောင်းကျေးရွာတွင် (၁၁:၀၀)နာရီ၌လည်းကောင်း၊ ရွှေဘိုစုကျေးရွာတွင် (၁၃:၀၀)နာရီ၌လည်းကောင်း၊ မရဲ့ဝကျေးရွာတွင် (၁၅:၀၀)နာရီ တို့၌ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_may2020