လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ထဲနန်ကျေးရွာအုပ်စု၊ ခမွန်ရွာမကျေးရွာအုပ်စု၊ အောင်မိသာကျေးရွာအုပ်စုနှင့် မိုးမြန်မာကျေးရွာအုပ်စုတို့တွင် လေဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်ပြိုလဲနေအိမ်(၁၆)လုံး၊ အမိုးလန်နေအိမ်(၄၃) လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂,၇၁၀,၀၀ဝ/-)ကျပ်၊ ပြိုလဲနေအိမ်(၁၆)လုံးရှိ လူဦးရေ(၈၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၈၇၈,၀၀ဝ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁၆)အိမ်ထောင်စုစာတို့အား (၁၄-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2020
Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)