မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၁၆း၁၀)အချိန်တွင် အမ်းမြို့နယ်၊ စနဲကျေးရွာအုပ်စု၊ တလိုင်းတောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (သိပ်မိုး၊အုတ်ကာ၊ကွန်ကရစ်ခင်း) (၁)လုံး ၊ နေအိမ်(ဓနိမိုး၊ဝါးထရံကာ၊ပျဥ်ခင်း)(၂)လုံး စုစုပေါင်းနေအိမ် ( ၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖို့ထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃၁၀၀/-)ကျပ်၊ စုစုပေါင်း (၄၂၃၁၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)အိမ်ထောင်စုစာတို့အား (၁၄-၅-၂၀၂၀)ရက်နေ့ (၁၅း၃၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#rke_may2020

Sign Up

Upcoming Events