မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၁၅:၀၀) အချိန်ထိ သထုံခရိုင်၊‌ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနှင့် ဆင်တွင်းကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_may2020

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပေါက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ မျှားပိုင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ငမို့ကြီးကျေးရွာအုပ်ချုပ် ရေးမှူး၊ ပျဉ်းခေျာင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘုရားတောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်အတူ ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ အုန်းမှင်ကျေးရွာ၊ ထန်းပင်ချောင်းကျေးရွာ၊ ငမို့ကြီးကျေးရွာအုပ်စု၊ ဆင်သေ ကျေးရွာ၊ ကျွန်းပင်စုကျေးရွာ၊ ပျဉ်းချောင်းကျေးရွာအုပ်စု၊ ပျဉ်းခေျာင်းကျေးရွာ၊ အောက်ကျင်းကျေးရွာ၊ ညောင်းဝန်းကျေးရွာ အုပ်စု ညောင်ဝန်း (တ) ကျေးရွာ၊ ညောင်ဝန်း(မ)ကျေးရွာ၊ ဘုရားတောင်ကျေးရွာအုပ်စု၊ … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၅-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျောက်ဖူးအုပ်စု(ဒဟ္ဟတန်း၊ ဒန်းကုန်း၊ ထနောင်းကျင်း၊ ကံခြား)၊ ရှမ်းမငယ်အုပ်စု(ညောင်လယ်၊ အတတ်မြင့်၊ ဂါတ်ကုန်း၊ သပြေကုန်း၊ ကံဦး၊ ဝါးရုံစု၊ ဂွေးကုန်း၊ သစ်ဆိမ့်ပင်၊ ချောင်းခွ)၊ အုံတုံအုပ်စု(အုံတုံ၊ ရွာသစ်၊ သီးပင်ခင်)၊ မယ်ဇလီကုန်းအုပ်စု(မယ်ဇလီကုန်း၊တပ်ပိုး၊ ပေပင်ကုန်း၊မြင်းခြံရွာသစ်) ကျေးရွာ(၂ဝ)ရွာသို့ Covid 19 နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အရေးယူမှုကိစ္စရပ်များ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mdy_may2020 Source:       မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ ကလီလျားကျေးရွာ နှင့် တော်ခူရွာသစ်ကျေးရွာ၊ မာခရော်ရှ့ကျေးရွာအုပ်စု၊ ဒေါလောခူကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source:   ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • မိုးကြိုးဘေးသင့်သေဆုံးအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၂၀)ရက်နေ့ တွင် မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ​၌ မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံငွေ (၃၀၀၀၀၀) ကျပ်ကို (၁၄.၅.၂၀၂၀)ရက်နေ့တွင် ကျန်မိသားစုများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_tls #shn_may2020 Source:       လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖုံညိုလိပ်ကျေးရွာ ဘင်္ဂါလီတိုက်ပွဲရှောင်စုရပ်ရှိ (အထစ) (၅၉) စု၊ လူဦးရေ (၅၆၉) ဦးအား ထုံး (၁၀) အိတ်၊ဗီနိုင်း ၁ချပ်၊ လက်သန့်‌ဆေးရည် (၅၉) ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခု၊ Mask (၁၁၈) ခု၊ ဆပ်ပြာ (၅၆၉) တောင့်၊ လက်‌ဆေးစင်အားလည်းကောင်း မောင်တောခရိုင်ဦးစီးမှူးရုံးနှင့်(၁၄-၅-၂၀၂၀) ရက်နေ့တွင် စုရပ်စခန်းတာဝန်ရှိသူများထံ သွားရောက်လွှဲပြောင်း ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #rke_may2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး … Read more