လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်၌ ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာအုပ်စု၊ ဧကရာဇ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန်နေအိမ်(၉)လုံးနှင့် လူဦးရေ(၁၄)ဦးတို့အတွက် ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၃၄၄၀၀/-)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင်စာတို့အား(၁၄-၅-၂၀၂၀)ရက်နေ့ နေ့လယ်(၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_ sgw
#bgo_may2020