လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်းနှင့် ပူးပေါင်း၍ (၁၅-၅-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ ပဇင်းဒါး (တောင်/မြောက်) ကျေးရွာ၊ ချင်းရွာသစ်ကျေးရွာ၊ ဆတ်လည်(ရှေ့/နောက်)ကျေးရွာနှင့် ကန်ဇွန်းမြောင်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_may2020