COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီမှ(၁၅:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ချောင်းဝကုန်းကျေးရွာ၊ တောင်ကုန်းကြီးကျေးရွာ၊ လိပ်ကွင်းကျေးရွာ၊ ချောင်းသာ ကျေးရွာ၊ မိဉီးကျေးရွာ၊ ကိုးဘိုကျေးရွာ၊ ရေဝေကျေးရွာ၊ ကုလားကုန်းကျေးရွာနှင့် ကြာနီကန်ကျေးရွာ များသို့သွားရောက်၍ COVID -19နှင့်ပတ်သက်၍ ဆောင်ရန်/ရေှာင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍အသိပညာပေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_may2020

Sign Up

Upcoming Events