ရေနံချောင်းမြို့နယ်၊ ဝါးရိုးကျေးရွာ မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ဝါးရိုးကျေးရွာ ၌ (၁၅-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁၄) တို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိူး (၁၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ ဖိုးငွေ(၁၂၆,ဝဝဝ/-) ကျပ်တို့အား (၁၅-၅-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိ သူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#mgy_may2020

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events