Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၆-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ် ရပ်ကွက် (၉) ၊ ရပ်ကွက် (၁၀)နှင့် လားရှိုးပညာရေးကောလိပ်၌ တစ်ညအိပ်တည်းခိုနေထိုင်ရသော နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #shn _may2020 … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၄) ရွာ၌ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွား စေရန်တွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာများ ဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀) ရက်နေ့ (၁၀၀၀) အချိန်တွင် မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နန့်မွန်းနှစ်ခြင်းဘုရားကျောင်း IDPs စခန်းရှိ အိမ်ထောင်စု(၂၀)စုမှ လူဦးရေ(၁၀၄)ဦးအတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၁၀၄)ခဲနှင့် အပူချိန်တိုင်းကိရိယာ(၁)ခုတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀) ရက်နေ့ (၀၇:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီထိ လေးမျက်နှာမြို့နယ်အတွင်းရှိ ခမောက်စုကျေးရွာအုပ်စု၊ စက်ပိုင်းရပ်ကွက်၊ ရွာလယ်ပိုင်း ရပ်ကွက်၊ ပန်းပဲတန်းရပ်ကွက်၊ (ခမောက်စု၊ အချုပ်ကလေး(တောင်)၊ အချုပ်ကလေး (မြောက်)၊ ဆင်သေကုန်း၊ မရမ်းအိုင်၊ ညောင်တန်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျက် ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူ များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀)နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ကင်းရွာကျေးရွာအုပ်စု အတွင်းရှိ ကင်းရွာနှင့် တောင်ကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်ကြီးကျေးရွာ၊ မော်ကြီးကျေးရွာ နှင့် ကြံတိုင်းအောင်ကျေးရွာတို့ တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mon _may2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့နှင့်(၁၄-၅-၂၀၂၀)ရက်နေ့တို့၌ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဖတ်နမ်ကျေးရွာအုပ်စုနှင့် ဟာဝမ်ကျေးရွာအုပ်စုတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အမိုးလန်ပျက်စီးသွားခဲ့သည် အိမ်ခြေ(၁၉)လုံး၊ ဘာသာရေးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၁၉၇၀၀၀/-)ကျပ်အား (၁၆-၅-၂၀၂၀)ရက်နေ့ ( ၁၁.၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #shn_may2020









