လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု၊ ဆင်သေကွေ့ကျေးရွာ၌ (၀၈:၀၀)နာရီအချိန်တွင်လည်းကောင်း၊ ငရုပ်ကောင်းကျေးရွာ၌ (၀၉:၀၀)နာရီအချိန်တွင်လည်းကောင်း၊ လေးအိမ်တန်းကျေး၌ (၁၀:၀၀)နာရီအချိန်တွင်လည်းကောင်း၊ ကညင်လိန်ကျေးရွာ၌ (၁၁:၀၀)နာရီအချိန်တွင်လည်းကောင်း၊ သင်ချောင်းအရှေ့ကျေးရွာ၌ (၁၂:၀၀)နာရီအချိန် တွင်လည်းကောင်း၊ သင်ချောင်းအနောက်ကျေးရွာ၌ (၁၃:၀၀)နာရီတွင်လည်းကောင်း၊ ကျွန်းနှစ်ပင်ကျေးရွာ၌ (၁၄:၀၀)နာရီအချိန်တွင်လည်းကောင်း၊ ရေကျော်ကျေးရွာ၌ (၁၅:၀၀)နာရီအချိန်တွင်လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည။
#ar
#ayy_may2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)