
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် သရက်ခရိုင်၊ ကံမမြို့နယ်၊ သာဇီကျေးရွာအုပ်စု၊ စမ်းကျေးရွာ၌ မီးလောင်ကျွမ်းမှု ကြောင့် လူနေအိမ်(၇)လုံး၊ မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၇)စု၊ လူဦးရေ (၂၇)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၅၆,၇၀ဝိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၁၀၀,၀၀ဝိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၁,၁၅၆,၇၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၇)စုစာတို့အား (၁၈-၅-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_may2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)