လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့၊ကုလားမကျေးရွာအုပ်စု၊မကျည်းသုံးပင်ကျေးရွာအုပ်စုနှင့် လက်ကောက်ကျကျေးရွာအုပ်စုတို့တွင် (၁၅-၅-၂၀၂၀) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၀၉၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၀၉၀၀ိ/-)နှင့် (၁၇-၅-၂၀၂၀) ရက်နေ့ ရွှေဘိုမြို့နယ်၊ ခွန်တောင်းငယ်ကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှလူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၂၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၂၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး( ၁)အိမ်ထောင်စာတို့အား (၁၈-၅-၂၀၂၀)ရက်နေ့ (၁၁း၁၅)အချိန်တွင် ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)