Latest News
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီပဲယင်းမြို့နယ်အတွင်း ဆည်ကြီးတော ကျေးရွာနှင့် မှန်သာကျေးရွာတို့၌ (၁၅-၅-၂၀၂၀) ရက်နေ့ (၀၃:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုတ်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁) လုံးနှင့် အမိုးအကာပျက်စီးနေအိမ် (၃) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀,၀၀၀/-) ကျပ်နှင့် အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ … Read more
-
မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ မြို့ဦး ဘုန်းတော်ကြီးကျောင်းတွင် (၉-၅-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၀၀၀၀၀/-)ကျပ်နှင့် သင်္ဃန်းဒွိစုံဖိုးထောက်ပံ့ငွေ (၁၅၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၅၀၀၀/-)ကျပ်ကို (၁၅-၅-၂၀၂၀) ရက်နေ့ (၁၇:၀၀)အချိန်တွင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_ fir #sgg_may2020
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ စောလုံကျေးရွာအုပ်စု၊ လွယ်ဝိန်းကျေးရွာရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ထားဝယ်စုရပ်၊ ကန်ကြီးရပ်၊ မြစ်ငယ်ရပ်တို့တွင် COVID_19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့အား သွားရောက် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_may2020
-
Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ တပ်ကုန်း (ရာဒါကောင်း COC) ၊ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်း အင်ဂျန်ဒုံနှစ်ခြင်း၊ တပ်ကုန်း စံပြနှစ်ခြင်း IDPs စခန်းများသို့ ဆပ်ပြာခဲ(၁,၃၂၂)ခဲ၊ ထုံး(၄၀)အိတ်၊ လက်သန့်ဆေးရေ(၅၂၀)ဘူး၊ အပူချိန်တိုင်းကိရိယာာ(၃)ခု တို့အား သွားရောက်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_may2020
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ တောင်ကုန်းကျေးရွာနှင့် အိုင်လျားကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ အမိုးလန်နေအိမ်(၁၉)လုံး၊ အိမ်ထောင်စု (၁၉)စုမှ လူဦးရေ(၁၂၀)ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၅၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅၂၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၇၇၀၀ဝ/-)ကျပ် အား (၁၅-၅-၂၀၂၀)ရက်နေ့(၁၄း၃၀) အချိန်တွင် ဘေးဖြစ်ပွားရာနေရာသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_ sgw #sgg_may2020









