Latest News
-
လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော်၊ မေ ၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး၊ အထူးသဖြင့် COVID-19 ကာလ အတွင်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲတို့ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းပေါ်နေကလေးများ စီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ UNICEF … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲ မြို့နယ်၊ ညံတောအင်းကျေးရွာအုပ်စု၊ ညံတောအင်းကျေးရွာ၊ ကက္ကိုစမ်းကျေးရွာနှင့် သမန်းကြီးကျေးရွာ များသို့သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှု များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် (၁၈-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၀,၅၀၀/-)ကျပ်အား (၁၉-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ် အရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_may2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာအုပ်စု၊ လယ်ကျိုးကျေးရွာနှင့် ရွာသစ်ကျေးရွာများသို့သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့ တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) မိုင်းယုလေး အိမ်ထောင်စု (၇၇)စု၊ လူဦးရေ (၃၈၉)ဦး၊ မိုင်းယု(ကုန်စုံ)အိမ်ထောင်စု(၈၂)စု၊ လူဦးရေ(၄၂၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၅၉)စု၊ လူဦးရေ(၈၁၃)ဦးတို့အတွက် လူတစ်ဦးလျှင် အဝတ် masks (၂) ခု နှုန်း၊ အိမ်ထောင်စု တစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂) ဗူးနှုန်း ဖြင့်စုစုပေါင်း အဝတ်mask (၁၆၂၆)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၅-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ဆပ်သေကျေးရွာအုပ်စု အတွင်း ရှိ ကျေးရွာခွဲ(၅)ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန် အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









