လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့ တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) မိုင်းယုလေး အိမ်ထောင်စု (၇၇)စု၊ လူဦးရေ (၃၈၉)ဦး၊ မိုင်းယု(ကုန်စုံ)အိမ်ထောင်စု(၈၂)စု၊ လူဦးရေ(၄၂၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၅၉)စု၊ လူဦးရေ(၈၁၃)ဦးတို့အတွက် လူတစ်ဦးလျှင် အဝတ် masks (၂) ခု နှုန်း၊ အိမ်ထောင်စု တစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂) ဗူးနှုန်း ဖြင့်စုစုပေါင်း အဝတ်mask (၁၆၂၆)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၃၁၈)ဗူး တို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ် masks နှင့်ပက်သက်၍ စနစ်တကျအသုံးပြုနည်း ဗီနိုင်းပိုစတာ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_may2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)