လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် (၁၈-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၀,၅၀၀/-)ကျပ်အား (၁၉-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ် အရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#krn_may2020
Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)