လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၇-၅-၂၀၂၀) ရက်နေ့ တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ ဒိုးလာစောကျေးရွာအုပ်စု၊ တလောဇာ ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံးအမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ် ထောင်စု(၃)စု၊ လူဦးရေ(၂၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၇၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၄,၁၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၄,၁၀ဝ/-)ကျပ်အား (၂၈-၅-၂၀၂၀)ရက်နေ့ (၁၆:၃၀)နာရီတွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဉယျာဉ်ရပ်ကွက်၊ စံပြ (ဖ-ဆ-ပ-လ)ရပ်ကွက်၊ ကန်တော်ကလေးမြောက်ရပ်ကွက်၊ ကန်တော်ကလေးအနောက်ရပ်ကွက်၊ ကန်တော်ကလေးတောင်ရပ်ကွက်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ လွတ်လပ်ရေး ရပ်ကွက်တို့တွင် COVID_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန်၊ ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများပြုလုပ်ခဲ့ခြင်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်မြို့နယ်၊ အောင်သုခမီးပွိုင့်၊ အောင်သုခလမ်းစုံတို့တွင် Maskတပ်ဆင်ရန် … Read more

  • ပျော်ဘွယ်မြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မြို့မကျေးရွာအုပ်စု၊ ယင်းတော်မြို့မကျေးရွာ၊ ဝက်လက်ကျေးရွာအုပ်စု၊ ရွာတန်းကျေးရွာ၊ ရှမ်းစုကုန်းကျေးရွာအုပ်စု၊ ကြံ့ကုန်းကျေးရွာ၊ ဖောင်းတောကျေးရွာအုပ်စု၊ ဖောင်းတော ကျေးရွာနှင့် ပေါအိုင်ရိုးကျေးရွာ၊ မင်းလမ်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ ဆည်ရွာလက်ပံတိုင်း ကျေးရွာအုပ်စု၊ လက်ပံတိုင်းကျေးရွာတို့တွင် (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော လူနေအိမ် (၁၄) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၇,၇၀၀/-) ကျပ်၊ လူဦးရေ (၆၁) ဦးတို့အတွက် … Read more

  • ညောင်ဦးမြို့နယ်၊ တူရွင်းတိုင်ကျေးရွာအုပ်စု၊ ဖိုးနီကန်ကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာနညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ် တူရွင်းတိုင်ကျေးရွာအုပ်စု၊ ဖိုးနီကန်ကျေးရွာ၌ (၂၇-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ် မှုကြောင့် ဘေးသင့်အမိုးလန်နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄,၁၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀၀/-) ကျပ်တို့အား(၂၈-၅-၂၀၂၀) ရက်နေ့၊ (၁၇:၂၀) နာရီအချိန်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀) ရက်နေ့ တွင် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ဘန်းလမွတ်ကျေးရွာ၊ ကမ်းတိုကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာ၊ ရမ်းဖိုကျေးရွာတို့တွင် covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာ ပးခြင်း၊ ဗီနိုင်းပိုစတာများကပ်ခြင်းတို့ကို နေ့လည် (၁၃:၃၀)နာရီ အချိန်မှစ၍ ညနေ(၁၇:၅၀) အချိန်ထိ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးတွင်းကာလ နှစ်စဉ်ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးကြုံတွေ့ ခံစားနေရသည့် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ထပ်မံ ကြိုတင်ပြောင်းရွေ့ နေအိမ်(၂၅)လုံး၊ အိမ်ထောင်စု(၂၅)စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၅၀၀,၀၀ဝ/-)ကျပ်အား (၂၈-၅-၂၀၂၀)ရက်နေ့ (၁၇:၃၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_ fld #mon_may2020