COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ခရိုင် / မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၃၁-၅-၂၀၂၀)ရက်နေ့တွင် နံနက် (၈:၀၀) နာရီအချိန်မှ (၈:၃၀) နာရီအချိန်ထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကမ်းဒေးကျးရွာတွင်လည်းကောင်း၊ (၈:၄၅)မှ (၉:၁၅) နာရီအထိ  တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာတွင် လည်းကောင်း၊ (၉:၃၀) နာရီမှ (၁၀:၀၀) နာရီအထိ တောင်ကုတ် မြို့နယ်၊ အဘေကျေးရွာတွင်လည်းကောင်း၊  (၁၀:၁၅)နာရီမှ (၁၀:၄၅)နာရီအထိ တောင်ကုတ်မြို့နယ်၊ ဘာယေကျေးရွာတွင် လည်းကောင်း၊ (၁၁:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ တောင်ကုတ်မြို့နယ်၊ သင်ပန်းရွှေကျေးရွာတွင်လည်းကောင်း (၁၁:၄၅) နာရီမှ (၁၂:၁၅) နာရီအထိ ရွာပကာကျေးရွာတွင်လည်းကောင်း  နေ့လည်(၁၂:၃၀) နာရီမှ (၁၃:၀၀)နာရီအထိ တောင်ကုတ်မြို့၊ ဟုန်းပေါက် ကျေးရွာတွင်လည်းကောင်း၊ (၁၃:၃၀)မှ(၁၄:၀၀)နာရီ အထိ လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပန်ကြားချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#rke_jun2020

Source:   သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events