လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃၀-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၀၈:၃၀) အချိန်ထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ ကိုင်းရှည်ကျေးရွာ၌လည်းကောင်း၊ (၀၈:၄၅) အချိန်မှ (၀၉:၁၅) အချိန်ထိ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၌လည်းကောင်း၊ (၀၉:၃၀) အချိန်မှ (၁၀:၀၀) အချိန်ထိ တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်ရပ်ကွက်၌လည်းကောင်း၊ (၁၀:၁၅) အချိန်မှ (၁၀:၄၅) အချိန်ထိ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်၌လည်းကောင်း၊ (၁၁:၀၀) အချိန်မှ (၁၁:၃၀) အချိန်ထိ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၌လည်းကောင်း၊ (၁၁:၄၅) အချိန်မှ (၁၂:၁၅) အချိန်ထိ တောက်ကုတ်မြို့၊ ဝဲကြီးကျေးရွာ၌လည်းကောင်း၊ (၁၂:၃၀) အချိန်မှ (၁၃:၀၀) အချိန်ထိ တောင်ကုတ်မြို့၊ မှိုဟင်းတောကျေးရွာ၌လည်းကောင်း လှည့်လည်ပြီး Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပန်ကြားချက်များအား ပြည်သူလူထုသို့ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)