ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ ပုလွှေရွှေကျေးရွာ၌ (၃၁-၅-၂၀၂၀) နေ့တွင် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၆,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာတို့အား (၁-၆-၂၀၂၀) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့် ပြည်သူထံသို့ ထောက်ပံ့‌ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#sgg_Jun2020

Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events